လှည်းကူးမြို့နယ်တွင် “လူငယ်နဲ့အထက်တန်းစားစိတ်ဓာတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်

လှည်းကူး ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းသိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်()နာရီက လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် စာရေးဆရာ မောင်မင်းစိုးရေးသားထားသော လူငယ်နဲ့အထက်တန်းစားစိတ်ဓာတ် စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင် ရွက်ရခြင်းဖြစ်ပြီး စာပေချစ်သူများအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့်များရရှိစေရန် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးသည့် စာအုပ်သည်လူငယ်များအနေဖြင့် ဖတ်သင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်းရှင်းလင်းပြောကြားပြီး နောက်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ ဦးစိုးသူနှင့် ဒေါ်သင်းသင်းရွှေတို့က အဆိုပါစာအုပ်တွင် ပါရှိသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများကလည်း အပြန်အလှန်ဆွေးနွေးကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ ဆက်)