မိုင်းယန်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ

မိုင်းယန်း ဇွန် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လက်ကမ်း စာစောင်များဖြန့်ဝေရာတွင် မိုင်းယန်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ မြို့မဈေးနှင့် လမ်းသွားလမ်းလာ ဒေသခံတိုင်းရင်းသားပြည်သူများအား အမျိုးသားမူးယစ်ဆေးဝါး ထိန်ချုပ်ရေးမူဝါဒ၊ မူးယစ်အန္တရာယ်အမျိုးသားရေးအသွင်တိုက်ဖျက်၊ “မူးယစ်ကိုပစ် ပန်းတိုင်သစ် စိတ်သစ် လူသစ် ဘဝသစ်” အသိပညာပေးကာတွန်း၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်း အရင်းများ၊ ကဗျာဆရာ နုခန့်ယာဉ်(ရစ်ကန်ကြီး) ရေးသားထားသော“မူးယစ်ဆေးဝါး တို့ရှောင်ရှား” ကဗျာနှင့် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ     စသည့် မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ ဗဟုသုတများစွာပါဝင်သည့် သတင်းစကား လက်ကမ်းစာစောင်များကို အများပြည်သူတို့၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး