ပြင်ဦးလွင် ဇွန် ၂၀
ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စစ်တက္ကသိုလ်၊ အဆင့်မြင့်စာပေပညာဗဟိုဌာန၊ ဘာသာစကားဌာန၊ ရုရှားဘာသာစကားဌာနခွဲတွင် ဖွစ်လှစ်သင်ကြားခဲ့သော ရုရှားဘာသာစကား ဒီပလိုမာသင်တန်း(ပြင်ဦးလွင်) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ပြင်ဉီးလွင်မြို့၊ ရပ်ကွက်ကြီး (၆) ရှိ ရွှေနန်းထိုက်ဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဟိုတယ်ဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည် ။
ရှေးဉီးစွာ ပြင်ဦးလွင်စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးက သင်တန်းဆင်း အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ တာဝန်ရှိသူတစ်ဦးမှ ရုရှားဘာသာစကား ဒီပလိုမာသင်တန်း (ပြင်ဦးလွင်) ဖွင့်လှစ်သင်ကြားခဲ့မှုနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့၍ သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ အဆင့်ဖြင့် အောင်မြင်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူ (၃) ဦးအား စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးက ဒီပလိုမာအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး သင်တန်းသား၊ သင်တန်းသူ (၇) ဦးအား စစ်တက္ကသိုလ် ပါမောက္ခချုပ်က ဒီပလိုမာအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသူ မရွှန်းလဲ့လဲ့မောင်မှ ရုရှားသီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ သင်တန်းသား မောင်ဝေယံအောင်မှ ကဗျာရွတ်ဆိုခြင်းနှင့် သင်တန်းသူ မခင်ရတနာထွန်း မှ ရုရှားသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပြင်ဦးလွင်ဇုန်) ဉက္ကဋ္ဌ ဦးအေးကိုက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း (ပြင်ဦးလွင်ဇုန်)တွင် ဖွင့်လှစ်ပို့ချသော ရုရှားဘာသာစကား ဒီပလိုမာသင်တန်းဖြစ်မြောက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပေးပါသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)