တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

တံတား ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှု့လိုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်းအကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ (Youth Club)အဖွဲ့ဝင် လူငယ်များနှင့်ပူးပေါင်း၍ စာရေးဆရာမမြနှင်းရည်ရှိန်ရေးသားသည့် အတွေးများမှသည်လက်တွေ့လုပ်ဆောင်မှုဆီသို့စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က အရေးကြီးသောအချက်ကိုအဓိကထားပြီးစိတ်ရောကိုယ်ပါအားသွန်ခွန်စိုက်လုပ်ပါ ခေါင်းစဥ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် အရေးကြီးသောအချက်ကို အားသွန်ခွန်စိုက် အဓိကထားလုပ်ဆောင်ရန်အတွက် မိမိအလိုရှိသောအရာကိုပုံပေါ်လာအောင်လုပ်ခြင်း၊ လူသားများ၏ ဦးနှောက်သည် ပုံဖော်ထားသောအကြောင်းအရာကိုမှတ်မိပြီး လက်တွေ့အကောင်အထည်ဖော်နိုင်အောင် ဖွဲ့စည်းတည်ဆောက်နိုင်စွမ်းရှိခြင်း၊ မိမိလုပ်ချင်သောအရာ၊ ဖြစ်မြောက်ချင်သောအရာ၊ လိုချင်တောအရာများ၊ ရှိပါကမှေးမှိန်စွာတွေးတောမနေဘဲ ထိုအရာကိုအောင်မြင်အောင်ပြုလုပ်သင့်ကြောင်း၊ စသည်တို့ကိုအသိပညာပေး ဆွေးနွေးပြောကြားပြီးနောက် (Youth Club) အဖွဲ့ဝင်မောင်ခန့်စည်သူဝင်းမှ မှန်သည်ဟုတွေးထင်ထားပါက ချက်ချင်းလက်တွေ့အကောင်အထည်ဖော်ပါ ခေါင်းစဥ်ဖြင့်ဆွေးနွေးရာတွင် မင်းရဲ့အလုပ်တွေမှန်တယ်လို့ထင်ရင် ချက်ချင်းလက်တွေ့အကောင်အထည်ဖော်ပါ ဆိုသောစကားသည် စိတ်ထဲတွင်ပဲ့တင်ကျန်ရစ်နေပြီး ဘဝအတွက် တွန်းအားကြီးတစ်ခုဖြစ်ခြင်း၊ မိမိသည်တစ်ခုခုကိုတွေဝေနေခြင်း၊ အလုပ်ရွှေ့ဆိုင်းနှောင့်နှေးခြင်းများရှိပါက ထိုစကားကို ကြားယောင်ပြီး ချက်ချင်းပင်လက်တွေ့အကောင်အထည်ဖော်သင့်ကြောင်း၊ စသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်

ဆက်လက်၍ (Youth Club)အဖွဲ့ဝင် မဖြူသဒ္ဒါထွေးက မိမိကိုယ်ကိုယ်ကိုယုံကြည်ပါခေါင်းစဥ်ဖြင့် ဆွေးနွေးပြောကြားကာ တက်ရောက်လာသော စာပေဝါသနာရှင်များမှလည်း စာအုပ်ပါအကြောင်းအရာများဖြင့် အပြန်အလှန်ဆွေးနွေးကာ အတွေးအမြင်ဗဟုသုတများဖလှယ်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (ပြန်/ ဆက်)