မြင်းခြံမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မြင်းခြံ ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အလင်းရောင် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ယနေ့ နေ့လည် (၁:၃၀) နာရီ အချိန်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ခရိုင်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်က "လူငယ်နှင့်အားကစားကဏ္ဍ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က "မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် စာဖတ်ရှိန်မြင့်မားရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးဟောပြောခဲ့ကြသည်။

အဆိုပါ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲသို့ အလင်းရေင် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။                                                                    

ကျော်စွာ(မြင်းခြံ)