ပုံပါကျင်မြို့တွင် ဆုံဆို့နာရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းဆောင်ရွက်

ပုံပါကျင်            အောက်တိုဘာ          ၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် လတ်တလောဖြစ်ပွားနေသော ဆုံဆို့နာရောဂါအတွက် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ပုံပါကျင်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ယနေ့ နံနက်(၉)နာရီမှစ၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင်  အသက်အုပ်စုအလိုက် မြို့ပေါ်ရပ်ကွက်များကို အပိုင်းလိုက်ခွဲ၍ ထိုးနှံပေးခြင်း ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် ကလေးတစ်ဦး အုပ်ထိန်းသူ မိဘတစ်ဦးသာလာရန်နှင့်  နှာခေါင်းစည်းအဝတ်များ မဖြစ်မနေ တပ်ဆင်လာကြရန်အတွက် သက်ဆိုင်ရာ ရပ်ကျေးအဖွဲ့ဝင်များမှတစ်ဆင့် အကြောင်းကြားကာ ဆောင်ရွက်ခဲ့ကြောင်း၊ ကာကွယ်ဆေး ထိုးနှံရာတွင် လူစုလူဝေးမဖြစ်စေရေးအတွက် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့ထိ ရပ်ကွက်အပိုင်းလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပုံပါကျင်မြို့ ကျေးလက် ကျန်းမာရေးဌာနမှ သိရသည်။

ပုံပါကျင်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို လစဉ် လဆန်းရက်များတွင် ပုံမှန်ဆောင်ရွက် လျက်ရှိပြီး ဆုံဆို့နာရောဂါကို ဒုတိယအကြိမ် ထိုးနှံခြင်း ဖြစ်ကြောင်း သိရသည်။

စန္ဒီ(ပြန်/ဆက်)