မိုးမိတ်မြို့နယ်တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြော

မိုးမိတ် ဇွန် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တို့သည်  ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုတုသတိုးပွားစေရေးနှင့် ကျန်းမာရေးအသိရှိစေရေးတို့အတွက် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်   ၁ နာရီအချိန်တွင် အခြေခံပညာမူလတန်းကျောင်း (အာသံ)၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းပီးက လူငယ်လူရွယ်များ နောင်အနာဂတ်ရဲ့ နိုင်ငံသားကောင်း၊ သမီးကောင်းများစွာ ဖြစ်မြောက်ပေါ်ထွန်းစေရေးအတွက် လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း၊ တစ်ကိုယ်ရေး သန့်ရှင်းမှုအကြောင်း အသိပညာပေး‌ဟောပြောခြင်းတို့နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးရဲဇော်ဦးက သဘာဝဘေးအန္တရာယ်များထဲမှ ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်ဆောင်ရန်၊ ရှောင်ရန်တို့ကို အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များတို့သည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာပြဘုတ်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြဘုတ်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စည်သူဌေး(ခရိုင်ပြန်/ဆက်)