မိုင်းစံ ဇွန် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းစံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉) နာရီအချိန်က မိုင်းစံမြို့ အ-ထ-ကကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ကေသွယ်စိုးက မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါး တို့ရှောင်ရှား၊ မူးယစ်ဆေးဝါးဆိုးကျိုးများ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ နောက်ဆက်တွဲ အန္တရာယ်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဘေးထွက်ဆိုးကျိုးများ၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးထိခိုက်နစ်နာမှုများ စသည့် အကြောင်းအရာများကို ရှင်းလင်းဟောကြားခဲ့ပြီး၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်၊၊
မိုင်းစံ(ပြန်/ဆက်)