မူဆယ် ဇွန် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် (၂) အချိန်က စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့ပါသည်။
ရှေးဦစွာ စာဖတ်ဝိုင်းတွင် မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန်းဇော်ဦးက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသား ထားသော “ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု” စာအုပ်မှ “ခေါင်းဆောင်မှု”ဆိုသော ခေါင်းစဉ်ငယ်အား ရှင်းလင်းပြောကြားခဲ့ပြီး ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်းများ၊ ခေါင်းဆောင်တစ်ယောက်ထားရှိရမည့် စိတ်ဓာတ်၊ ခေါင်းဆောင်ကောင်း တစ်ယောက်သည် အောက်လက်ငယ်သားအပေါ် ထားရှိသင့်သည့် စိတ်သဘောထားနှင့် ပြုမူဆက်ဆံပုံများစသည့်တို့ကို အကျယ်တဝင့် ဖတ်ကြားဆွေးနွေးခဲ့ ပါသည်။
ထို့နောက် စာဖတ်ဝိုင်းတွင် တက်ရောက်ခဲ့သူများက “ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု” စာအုပ်မှ ခေါင်းစဉ်ငယ်များအား ဖတ်ကြားဆွေးနွေးခဲ့ပြီး အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)