ကျိုက်ထို ဇွန် ၂၀
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲနှင့် စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ်(၁ )နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပ ပြုလုပ်ခဲ့သည်၊
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က မူးယစ်အန္တရာယ်စုပေါင်းကာကွယ်အကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး စွမ်းရည်ပြိုင်ပွဲကို ပြုလုပ်ကာ ထူးချွန်သူများအား လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့သည်။
ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး နံရံကပ်စာစာင်များ၊ လူကုန်ကူးမှုအန္တရာယ်ကာကွယ်ရေး နံရံကပ်စာစောင်များကို ပြသထားရာတက် ရောက်လာကြသော ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)