မိုင်းဖြတ် ဇွန် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)၏ စာရေးဆရာ မောင်မင်းစိုးရေးသားထားသည့် “လူငယ်နဲ့အပြောင်း(ဘဝနေနည်းလမ်းညွှန်)”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စာရေးဆရာ၏ အမှာစာကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာ မောင်မင်းစိုး၏ လူငယ်နဲ့အပြောင်းအလဲ (ဘဝနေနည်းလမ်းညွှန်) စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ရာ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အတွင်းရေးမှူး ဦးအောင်မြတ်မိုးက "လူငယ်၏ အပြောင်းအလဲ"ခေါင်းစဉ်ပါ အကြောင်းအရာများကို ဖတ်ကြားရှင်းလင်းခဲ့သည်။
ဆက်လက်၍ (Women Club) ဥက္ကဋ္ဌ ဒေါ်သီတာဝင်းက လူငယ်ဘဝတိုးတက်အောင်မြင်ရေး စာပေအသိပညာ လေ့လာရေးစာပေဝါသနာရှင် ဦးရာဇာဝင်းထွန်းက “လူငယ်နဲ့ဗိုင်းရပ်” ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း၊ စာပေဝါသနာရှင် ဒေါ်ဇင်ဇင်ခိုင်က “လူငယ်နဲ့ အသိစိတ်” ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း အသီးသီး ဖတ်ကြားရှင်းလင်းခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား (Women Club) ဥက္ကဋ္ဌက ကျောင်းသားလူငယ်များအနေဖြင့် စာပေများကို လေ့လာဖတ်ရှုရေး၊ စာဖတ်သူသည် အများထက် အသိပညာကြွယ်ဝပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)