ပေါင်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေး

ပေါင် ဇွန် ၁၉

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သထုံခရိုင်မှူး ဦးမောင်မောင်မြင့်၊ မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းဇော်နှင့်ဝန်ထမ်းများမှ အသက် ၁၀ နှစ်နှင့်အထက်မှ ၁၈ နှစ်အောက် ပြည့်သူအသက် ၁၈နှစ်အထက်၊ အသက် ၃၀ နှစ်နှင့်အထက် ပြည်သူ(၁၅၄)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်ပြုလုပ်ပေးခြင်း၊  နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။ ထို့အပြင် ပျက်စီးပျောက်ဆုံး အိမ်ထောင်စုစာရင်းများကိုလည်း မိတ္တူပြန်လည်ထုတ်ပေးခဲ့ကြကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းအသစ်ပြုလုပ်ခြင်း၊ လဲလှယ်ခြင်းများကို အခြေခံပညာစာသင်ကျောင်းများအပါအဝင် ရပ်ကွက်ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးနေသည့်အပြင် သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးများတွင်လည်း ရုံးဖွင့်ချိန်၌ လာရောက်ပြုလုပ်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းနေထိုင်လျက်ရှိကြသည့် တိုင်းရင်းသားများ (မွေးရာပါနိုင်ငံသားများ)နှင့် ဥပဒေအရ နိုင်ငံသားများအားဥပဒေနဲ့အညီ အိမ်ထောင်စုလူဦးရေစာရင်းနဲ့ ကိုင်ဆောင်သင့်သည့် ကတ်အမျိုးမျိုးထုတ်ပေးရေးအတွက် စီမံချက်များဖြင့် ကွင်းဆောင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)