ရန်ကင်းမြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်

ရန်ကင်း အောက်တိုဘာ ၉


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် အရ မြို့နယ်အတွင်းရှိ  ဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက် ၈ နာရီမှ စတင် ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ ဘိုးဘွားများ၏ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်၍  လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် အသက်(၈၀)နှင့် (၈၅)နှစ်ကြားရှိ ဘိုးဘွား (၇၆၆)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၃၀,၀၀၀)နှုန်းဖြင့်  ငွေကျပ် (၂၂၉၈၀၀၀၀)ကျပ်အား ထောက်ပံ့ပေး အပ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာလ အတွင်း ဘိုးဘွားများ၏ စားဝတ်နေရေးနှင့် ဆေးကုသရေးအတွက် ပိုမိုအထောက်အကူဖြစ်စေရန် ထောက်ပံ့ခြင်းဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ခင်လေး (ပြန်/ဆက်)