မက်မန်း အောက်တိုဘာ ၉
မက်မန်းမြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်မြောက် မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။
အဆိုပါဒုတိယအကြိမ်မြောက်မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာသွားမည်ဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် မိမိမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မဲစာရင်းကြေညာထားရှိသည့်(၁၄)ရက်အတွင်း လာရောက်ကြည့်ရှုကြရန် နှိုးဆော်ကြေညာထားပြီးဖြစ်ကြောင်း သိရသည်။
မက်မန်းမြို့မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာရာတွင် မြို့ပေါ်(၂)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၁၁) အုပ်စု၊ မဲရုံပေါင်း(၄၃)ရုံရှိပြီးမဲပေးခွင့်ရှိသူ(၁၁၄၄၀)ဦး ရှိကြောင်း သိရသည်။
မက်မန်း(ပြန်/ဆက်)