ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် ဒေါပုံဈေးနှင့် သင်္ဘောကျင်း ကားမှတ်တိုင်တို့တွင် Mask Campaign ပြုလုပ်

ဒေါပုံ အောက်တိုဘာ ၉


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ဒေါပုံဈေးနှင့်သင်္ဘောကျင်း ကားမှတ်တိုင်တို့တွင် ဈေးရောင်းချသူများ၊ ဈေးဝယ် သူပြည်သူများနှင့် ကားမှတ်တိုင်ရှိ ပြည်သူများအား နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရန် Mask Campaign ပြုလုပ်၍ အသိပညာပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဈေးများအတွင်းရှိ ဈေးရောင်းချသူ ပြည်သူများနှင့် ဈေးဝယ်သူ ပြည်သူများ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (Mask) တပ်ဆင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကူး စက်မှုမှ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များအတိုင်း လိုက်နာကြရန် အသိပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်း(Mask)များ ဝေငှပေးခြင်းတို့ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုးမင်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဈေးတာဝန်ခံ၊ မြို့နယ်မီးသတ်တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
သဲစုစုလွင်( ပြန်/ဆက်)