မန်တုံမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အသိပညာပေး ရုပ်ပုံများ ပြသဆောင်ရွက်

မန်တုံ  အောက်တိုဘာ

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန်အတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများကို မိဘပြည်သူများသိရှိစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့ရှိ မြေစိုက်ဘုတ်တွင် ယမန်နေ့နံနက်(၁၀)နာရီက မြေစိုက်ဘုတ်တွင် ကပ်ထားပြသလျက် ရှိကြောင်းသိရသည်။

ကိုဗစ်-၁၉ ကာလတွင် မိဘပြည်သူများ လေ့လာသိရှိနိုင်ဖို့အတွက် မြေစိုက်နံရံကပ် စာစောင်တွင် မီဒီယာနှင့်သတင်းအချက်အလက်များ သိရှိနားလည်မှုရှိသော မိဘ၊ အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာ နည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အချက်အလက်နှင့် ထင်မြင်ယူဆချက်များ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်းဆွေးနွေးရာတွင် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ သတင်းခွဲခြမ်း စိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ စသည့် အကြောင်းအရာများပါဝင်သော UNESCO မှ ပေးပို့လာသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများနှင့် ပတ်သက်သည့် အသိပညာပေးရုပ်ပုံ(၁၈)ပုံကို ပြည်သူများ လေ့လာသိရှိပြီး လိုက်နာဆောင်ရွက် နိုင်စေရန် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စည်သူမောင်မောင်