သံဖြူဇရပ်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို)အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာအုပ်စာစောင် ပြပွဲပြုလုပ်

သံဖြူဇရပ် ဇွန် ၁၉

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲ/နံရံကပ်/ စာအုပ်ပြပွဲကို ယနေ့နေ့လယ်(၁၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသီက ကျောင်းသား/ ကျောင်းသူများမှ မူးယစ်ဆေးဝါးအန္တရာယ်ကိုသိရှိပြီး ရှောင်ရှားကြစေရန် ရည်ရွယ်၍ ယနေ့အသိပညာပေးဟောပြောပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ကျောင်းသား လူငယ်များမှလည် မူးယစ်ဆေးအစ ဆေးလိပ်ကဆိုသလို ဆေးလိပ်ကိုတောင် မသုံးစွဲကြစေရေး၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းရင်းများ၊ ကျောင်းသားကျောင်းသူများမှ မူးယစ်ဆေးဝါးကြောင့် မိမိတို့၏အနာဂတ် ရည်မှန်းချက်များ မဆုံးရှုးရလေအောင် မူးယစ်ဆေး မသုံးကြစေရေး အသိပညာပေး ဟောပြောသည်။

ထို့နောက်ပြသထားသည့် နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးနှင့်လက္ခဏာများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများနှင့် ဗဟုသုတရစေမည့် သုတ/ရသစာအုပ်များကို ပြသထားရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်းနှင့် ဦးစီးဌာနရုံးချုပ်မှ ထုတ်ဝေသည့်​ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)