တာမိုးညဲမြို့အခြေခံပညာကျောင်းများရှိ ကျောင်းသားကျောင်းသူများသို့ အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

တာမိုးညဲ  ဇွန် ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာမိုးညဲမြို့ပေါ်ရပ်ကွက်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသားလူငယ်များအား မူးယစ်ဆေးဝါး ဆိုးကျိုးများအကြောင်းကိုသိရှိပြီး ရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ လာမည့် ဇွန်လ ၂၆ ရက်နေ့ တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့အထိမ်းအမှတ် အသိပညာပေးသတင်းစကားလက်ကမ်းစာစောင်ကို ဦးစီးမှူး ဒေါ်ခေါန်မိုင် နှင့်ဝန်ထမ်းများက ယနေ့နံနက် ကျောင်းတက်ချိန်နှင့် ကျောင်းဆင်းချိန်များတွင် လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ  လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)၌ ပြောကြားသည့် အမှာစကား ကောက်နှုတ်ချက်အပါအဝင် မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်ဆေးဝါးတို့ရှောင်ရှား စသည့်ခေါင်းစဉ်များဖြင့် မူးယစ် ဆေးဝါးသုံးစွဲမှုနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ  သိမှတ်ဖွယ်ရာအကြောင်းအရာများနှင့် ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များစုံလင်စွာ ဖော်ပြပါရှိကြောင်း သိရသည်။

ခေါန်မိုင်(ပြန်/ဆက်)