မြစ်သား အောက်တိုဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြို့နယ်ပညာရေး ဌာနဝန်ထမ်းများက အလှူငွေများကိုယနေ့မွန်းလွဲပိုင်းကမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်း၌ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ကော်မတီထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိသည်။
အဆိုပါလှူဒါန်းငွေများကို မြို့နယ်ပညာရေးဌာန ဝန်ထမ်းများမှကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ထံသို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် လိုအပ်သော လုပ်ငန်းများဆောင်ရွက်ရာ၌ အသုံးပြုနိုင်ရန် လှူဒါန်းခြင်း ဖြစ်ကြောင်းသိရသည်။
မြစ်သားမြို့နယ်တွင် အခြေခံပညာအထက်တန်း ၊အလယ်တန်း၊ မူလတန်းကျောင်းစုစုပေါင်း(၁၈၉) ကျောင်းရှိရာ မြို့နယ်ပညာရေး ဝန်ထမ်းများမှ အလှူငွေကျပ်(၁၆)သိန်းကို ပညာရေးဝန်ထမ်းများကိုယ်စား မြို့နယ်ပညာ ရေးမှူး ဒေါ်မြင့်မြင့်သိန်းနှင့် ဒု-လက်ထောက်ပညာရေးမှူးဦးကျော်ဟန်တို့က ပေးအပ်လှူဒါန်းရာ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင် နှင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်မိုး တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
မြမြမွန်(ပြန်/ဆက်)