မိုးနဲမြို့နယ်၌ နယ်လှည့်အသိပညာပေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်

မိုးနဲ ဇွန် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဝမ်ဟေကျေးရွာအုပ်စု ဝမ်ဟေအခြေခံပညာမူလတန်းကျောင်းနှင့် နောင်ခမ်းအခြေခံပညာမူလတန်းကျောင်းများ၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစီအစဥ်ဖြင့် ယနေ့နံနက်၈ နာရီခွဲအချိန်မှ စတင်ကာ  နယ်လှည့်အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများပူးပေါင်းကာ  ကျောင်းသား/သူလေးများ ကျောင်းစာအပြင် ပြင်ပဗဟုသုတ များရရှိစေရန် ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး မူးယစ်ဆေးဝါး၏ ဆိုးကြိုးများ၊ မူးယစ်ဆေးစွဲလျှင် ခံစားရမည့်အကျိုးဆက်များနှင့် ရှောင်ရှားသင့်သည့်အချက်များကို ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက အမှာစကားပြောကြားပေးခဲ့ပြီး စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က စာအုပ်စာပေဖတ်ရှုခြင်းဖြင့် အသိပညာများ၊ ဗဟုသုတများ၊ အတွေးအခေါ်ကောင်းများနှင့် အမှားအမှန် ဆင်ခြင်တွေးတောနိုင်မည်ဖြစ်သည့်အတွက် စာအုပ်စာစောင်များ ဖတ်ရှုကြရန်နှင့် ရုံးစာကြည့်တိုက်တွင်လည်း အခမဲ့ လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း ပြောကြားပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်ရှိ မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများပါရှိသည့် နံရံကပ်စာစောင်ကို ပြသခဲ့ရာ ကျောင်းသား/သူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)