ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့် တိုက်၌ ပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင် ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ပုဗ္ဗသီရိ ဇွန် ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကလေးငယ်များဖိတ်ခေါ်၍ ပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်​ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ​ ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက  ကလေးငယ်များ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတများကြွယ်ဝစေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်​ရန်နှင့် ကိုယ်ရည်ကိုယ်သွေးများ ကောင်းမွန်လာစေရန်ရည်ရွယ်၍ ယခုလိုပြည်သူ့ စာကြည့်တိုက်သို့ ဖိတ်ခေါ်ပြီး ပြိုင်ပွဲပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် Book Club အဖွဲ့ဝင်များက ဦး ဆောင်၍ ကလေးငယ်များအားပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်​ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ​ ပြုလုပ်ပေးခဲ့ရာ ပြိုင်ပွဲတွင် ဆုရရှိသည့် ကလေးငယ်များအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြင့်ပေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့်ကလေးငယ်များက ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်စားစွာကြည့်ရှုခဲ့သည်။                                                

အဆိုပါ ပြိုင်ပွဲသို့ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၁)ဦး မိသားစုအဆင့်​မြင့်မူလတန်းကြိုကျောင်းမှ ကလေးငယ် (၃၀) ဦးပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)