သပိတ်ကျင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြသခြင်းနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

သပိတ်ကျင်း ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ ပူးပေါင်းပြီး ဇွန်လ( ၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင် ပြသခြင်းနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကဘဲ့ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းရှိ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာစမ်းက အဖွင့်အမှာစကား ပြောကြားပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အ​ကြို ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက  မူးယစ်ဆေး သုံးစွဲခြင်းကြောင့် နိုင်ငံ့သားကောင်းရတနာ ကျောင်းသား၊ ကျောင်းသူများ မပျက်စီးစေရေးနှင့် ဆေးလိပ်၊ ကွမ်းမှအစ စမ်းသပ်မသုံးဆွဲကြရန်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဖြိုးမမက မူးယစ်ဆေးဝါး ဆိုးကျိုးများ ခေါင်းစဥ်ဖြင့် မူးယစ်ဆေးဝါး သုံးစွဲရခြင်း၏ အဓိက အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် နောက်ဆက်တွဲရောဂါဖြစ်သည့် (HIV/AIDS) ရောဂါ အကြောင်းများကို အသီးသီး ဟောပြောဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည့် မေးခွန်းများ‌ မေးမြန်းကြရာ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  နံရံကပ်စာစောင်များ ပြသခြင်း၊ ဗဟုသုတရဖွယ် သုတ/ရသစာအုပ်များ ခင်းကျင်းပြသထားရှိရာ စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြည့်ရှုခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)