ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အခမဲ့စာအုပ်အငှားကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးခြင်းများပြုလုပ်

ဒဂုံတောင် ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်()အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ယနေ့နံနက်(၁၀:၃၀)နာရီက လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အခမဲ့စာအုပ်အငှားကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာကြည့်တိုက် အခမဲ့စာအုပ်အငှားကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်အား ပြောကြားခဲ့ပြီး စာရေးဆရာ သက်ဝေမောင်က ယနေ့လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် သက်ဆိုင်သော အသိပညာပေးဟောပြောပွဲတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ရှောင်ရှားရမည့် မြေပြင်အ​ခြေအနေများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သော ကြုံတွေ့နေသည့် အန္တရာယ်များနှင့် မူးယစ်ဆေးဝါးများအနေဖြင့် ကျောင်းသား လူငယ်များအကြား ဝင်ရောက်လာမှုများအား အသေးစိတ်ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်များ ပြသခြင်းများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး စာကြည့်တိုက်တွင် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခွင့် ကတ်ပြားများအား  ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ပြုလုပ်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)