မိုင်းယောင်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဟောပြောပွဲကျင်းပ

မိုင်းယောင်း ဇွန် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေး ဟောပြောပွဲကို ကျင်းပသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမှတ်(၁၉) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ၊ အမှတ်(၁၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်ရှိုင်းမွန်အောင်က မော်တော်ဆိုင် ကယ်စီးသူများလိုက်နာရန် စည်းကမ်း(၁၀)ချက်၊ မော်တော်ဆိုင်ကယ်စီးသူများ ရှောင်ရန် စည်းကမ်း(၁၀)ချက်၊ ယာဉ်တိုက်ခိုက်တိမ်းမှောက်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ယာဉ်တိုက်ခိုက်မှုဖြစ်လျှင် ဘာလုပ်မလဲ၊ ယာဉ်မောင်းများ ဆောင်ရန်/ရှောင်ရန်၊ ခြေလျင်လျှောက်သူများ လိုက်နာရန်၊ လမ်းညွှန် အမှတ်အသားများ ဆေးရေးအမှတ်အသားများနှင့် အထွေထွေစည်းကမ်းများစသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ ဟောပြောခဲ့သည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)