မိုင်းငေါ့မြို့ အ.မ.က(တာလုံ) ကျောင်းတွင် နယ်လှည့်ဟောပြောပွဲပြုလုပ်ဆောင်ရွက်

မိုင်းငေါ့ ဇွန် ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊‌ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ (တာလုံ) အ.မ.က ကျောင်းတွင် ယနေ့ နံနက် (၁၀)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများမှ နယ်လှည့်ဟောပြောပွဲကိုပြုလုပ် ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ် က မူးယစ်‌‌ဆေးဝါး၏ဆိုးကျိုးများခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ သတင်းစကား လက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြင့်သွယ် (မိုင်းငေါ့ ပြန်ဆက်)