သီပေါ ဇွန် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်စံဖိတ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီက အသိ ပညာပေးဟောပြောပွဲ နှင့်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်မြပွင့်ဖြူက မုန်တိုင်းဘေးနှင့် အခြားသဘာဝဘေး အန္တရာယ်ဆိုင်ရာ အကြောင်း အရာများနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များကို ကျောင်းသား၊ ကျောင်းသူများအား ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ က သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ အသေးစိတ်ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း၊ ဆက်လက်၍ မုန်းတိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေ ပေးခဲ့ကြောင်းနှင့် စာရေးကိရိယာများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)