လားရှိုး ဇွန် ၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(လားရှိုး) စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် (၁၀)နာရီအချိန်က လားရှိုးမြို့၊ ပြန်လည်ထူထောင်ရေးစခန်းတွင် ကျင်းပသည်။
အခမ်းအနားတွင် လားရှိုးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဆန်းက အဖွင့်အမှာစကားပြောကြားပြီး၊ လူမှုဝန် ထမ်းဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဒေါ်အေးအေးဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ လားရှိုးမြို့နယ်အတွင်းရှိ လူမှုအကျိုးပြုဆောင်ရွက်နေကြသူ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ ငါးရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်