မော်လမြိုင် ဇွန် ၁၉
၂၀၂၃ ခုနှစ် မွန်ပြည်နယ် (၁၀) မြို့နယ် ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ကာယဗလ (အမျိုးသား) ကီလိုတန်းအလိုက်ယှဉ်ပြိုင်ခြင်း၊ Men Physique ပြိုင်ပွဲ ယှဥ်ပြိုင်ခြင်း၊ Miss များမှ လမ်းလျှောက်သရုပ်ပြသခြင်းနှင့် Model Physique ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ (၂၁) နှစ်အောက် အမျိုးသား ကာယဗလ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အားကစားသမားများအား ငွေသားဆုနှင့် ဆုကလပ်များ၊ Atheletic Physique ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အားကစားသမားများအား ငွေသားဆုနှင့် ဆုကလပ်များ၊ ၆၅ ကီလိုတန်း ကာယဗလပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသောအားကစားသမားများအား ငွေသားဆုနှင့် ဆုကလပ်များ၊ ၆၀ ကီလိုတန်း ကာယဗလပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသောအားကစားသမားများအား ငွေသားဆုနှင့် ဆုကလပ်များအား ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပေးအပ်ချီးမြင့်သည်။ ဆက်လက်၍ Model Physique ပြိုင်ပွဲတွင်ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော အားကစာသမားများအား ငွေသားဆုနှင့် ဆုကလပ်များကို မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ပေးအပ်ချီးမြှင့်ပြီး Men Physique ပြိုင်ပွဲတွင်ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော အားကစားသမားများအား ငွေသားဆုနှင့် ဆုကလပ်များကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပေအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)