ဝမ်းတွင်း ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Talk Show ကျင်းပခြင်းကို ယနေန့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောက လူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Talk Showကျင်းပရခြင်းပတ်သက်၍ အများပြည်သူများအား မူးယစ်ဆေးအန္တရာယ်နဲ့ပတ်သက်၍ အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်းသိရသည်။ ထို့နောက် မြို့နယ် ဒုတိယဥပဒေအရာရှိ ဒေါ်ဟန်နီဖြိုးက အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများ၏ အဓိပါယ်နှင့် ဖွင့်ဆိုချက်လက်ဝယ်ထားခြင်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၏ ပြစ်မှုပြစ်ဒဏ်များကို အကျယ်တဝန့်ရှင်းလင်းဆွေးနွေးခဲ့ ကြောင်းသိရသည်။
ယနေ့ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်Talk Showအစီအစဥ်မှ လူငယ်လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများကို စမ်းသပ်သုံးစွဲခြင်း၊ စွဲလမ်းစွာ သုံးစွဲ ခြင်းတို့ကို လုံးဝရှောင်ကြဥ်ကြရန်၊ မူးယစ်ဆေးဝါးဟာ လူသားများကို လူညွန့်တုံးသည်အထိ ဖြစ်စေနိုင်တဲ့အတွက် မူးယစ်ဆေးဝါးကို သတိပြုရှောင်ကြဥ်ကြဖို့ တို့က်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)