အမရပူရ ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)က မန္တလေးနေ့စဥ်သတင်းစာတွင် ပါရှိသော စာရေးဆရာစိန်မောင်သန်း၏ ဗုဒ္ဓနေ့ မေတ္တာစာဆောင်းပါးနှင့် စာရေးဆရာ ရဲမောင်လတ်(အင်းဝ)၏ မန္တလေးအရမ်းမနှေးပါနဲ့နှင့် အခြားဆောင်းပါးစာအုပ်မှ လာလည်ပါလေအမရမြေဆောင်းပါးတို့ကို ယမန်နေ့ နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပသည်။
ရှေးဦးစွာ အမရပူရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်တင်တင်လှက စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် စာရေးဆရာ စိန်မောင်သန်း၏ ဗုဒ္ဓနေ့မေတ္တာစာကို စာပေဝါသနာရှင်တစ်ဦးက ဖတ်ကြားပြီး ဆောင်းပါးပါ အချက်အလက်များထဲမှ သိရှိလိုသည်များကို စာပေဝါသနာရှင်များက မေးမြန်းရာ စာရေးဆရာက ပြန်လည်ဖြေကြားခဲ့သည်။ ယင်းနောက် စာရေးဆရာ မောင်မောင်လတ်(အင်းဝ)၏ လာလည်ပါလေအမရမြေ ဆောင်းပါးကို စာပေဝါသနာရှင်တစ်ဦးက ဖတ်ကြားပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များက ဆောင်းပါးပါ အချက်အလက်များထဲ သိရှိလိုသည်များကို မေးမြန်းရာ စာရေးဆရာက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ စာပေဝါသနာရှင်များက အမရပူရမြို့နှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းရာ စာရေးဆရာနှစ်ဦးတို့က အမရပူမြို့၏ စိတ်ဝင် စားစရာများကို ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)