လောက်ကိုင် ဇွန် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ လောက်ကိုင်မြို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ အမှတ်(၂)ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီဝေဝေလင်း ဦးဆောင်မှုဖြင့် တာဝန်ရှိသူ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးမှူး ဦးရိုင်ချွဲမှ ငလျင်ဘေးအတွက် ကြိုတင် ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များစသည့် သဘာဝဘေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။
ဆက်လက်ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းမျာက ကျောင်းသား/ကျောင်းသူများအား သဘာဝဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ညိုညိုဝင်း ( လောက်ကိုင်)