မိုင်းပန် ဇွန် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် သက်ကြီးရွယ်အိုဘိုးဘွားများ ကျန်းမာကြံ့ခိုင်မှုရှိစေရေးအတွက် ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းကို မွေတော်ပရိယတ္တိစာသင်တိုက် မြို့ဦးဓမ္မာရုံ၌ ယမန်နေ့ နံနက် ၈ နာရီအချိန်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းတွင် မိုင်းပန်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ စေတနာ့ဝန်ထမ်း ကုသရေးဦးစီးမှူး ဒေါက်တာနိုင်လင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ “နမ့်ခုံး” စေတနာ့ ဝန်ထမ်းများစုပေါင်း၍ သက်ကြီးရွယ်အို ဘိုးဘွားများအား ကိုယ်လက်ကျန်းမာရေးပြုလုပ် ပေးခြင်း၊ သွေးပေါင်ချိန်များ တိုင်းတာပေးခြင်း၊ သွေးတိုး၊ ဆီးချို/သွေးချို ရောဂါများ စစ်ဆေး ပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခဲ့ပြီး ဘိုးဘွားများနှင့် သံဃာတော်များအတွက် လိုအပ်သော ဆေးဝါးများကို “နမ့်ခုံး”ရှမ်းများ ပရဟိတအသင်းခွဲမှ အခမဲ့ပေးအပ်လှူအပ်ဒါန်းခဲ့ကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)