မောင်တော ဇွန် ၁၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန် အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က လူငယ်နှင့်မူးယစ်ဆေးဝါးအစပျိုး ဆက်စပ်မှု၊ မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိနိုင်သည့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၏ ကျန်းမာရေးဆိုင်ရာများ၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူများနှင့် သုံးစွဲသူများအား ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း သိကောင်းစရာများကို ဆွေးနွေးရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးစစ်အောင်က မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းရင်းများ၊ မူးယစ်ဆေးဝါးပြဿနာအား ကမ္ဘာ့နိုင်ငံများကပါ ပူးပေါင်ဆောင်ရွက်မှုအခြေအနေများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် သိသင့်သိထိုက်သည့် အကြောင်းအရာများအား ကျောင်းသား၊ ကျောင်းသူများ သိရှိလိုက်နာ ဆောင်ရွက်သင့်သည့် အချက်များအား အသိပညာပေး ဆွေးနွေးခဲ့ ပြောကြားခဲ့သည်။ ယင်းနောက် ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်