မဟာအောင်မြေမြို့နယ်၌ သံဃာအပါး(၃၀၀)စာ၊ ဆွမ်း၊ဆွမ်းဟင်းများ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများဖြင့် ဘုံဆွမ်းလောင်းလှူဒါန်းပွဲပြုလုပ်

မဟာအောင်မြေ ဇွန် ၁၈

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်အပါအဝင် အခြားရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းအသီးသီးမှ နေ့စဉ်ဆွမ်းခံကြွတော်မူသော ဆရာတော်၊ သံဃာတော်များအား ယနေ့နံနက်(၅)နာရီအချိန်က မဟာအောင်မြေမြို့နယ် ၆၇-၆၈ကြား သိပ္ပံလမ်းပေါ်တွင် သံဃာအပါး(၃၀၀)စာ၊ ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများဖြင့် ဘုံဆွမ်းလောင်းလှူဒါန်းခဲ့ကြောင်း သိရသည်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ကောင်းမှုကုသိုလ်တစ်ခုဖြစ်သည့် ဘုံဆွမ်းလောင်းလှူဒါန်းမှုအား မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေမင်းဦးနှင့် ဒေါ်ယုယုဇော်တို့မှ ဦးစီး၍ အလှူရှင်များနှင့်ရပ်ကွက်‌နေပြည်သူများစုပေါင်း၍ ပထမအကြိမ်အဖြစ် ဘုံဆွမ်းလောင်းလှူဒါန်းခဲ့ရာ လစဉ်လဆန်း(၁)ရက်နေ့ နံနက်ခင်းတိုင်း သံဃာအပါး(၃၀၀)စာ၊ ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများဖြင့် လောင်းလှူသွားမည်ဖြစ်‌ကြောင်း၊ အဆိုပါ ဘုံဆွမ်းလောင်းလှူဒါန်းမှုအား ပါဝင်ကုသိုလ်လှူဒါန်းလိုပါက မဟာမြိုင်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။

အဆိုပါ ဘုံဆွမ်းလောင်းလှူဒါန်းမှုကို မဟာမြိုင်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေမင်းဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများ၊ အလှူရှင်များ၊ မြို့မိမြို့ဖများ၊ ဝေယျာဝစ္စကုသိုလ်ရှင်များမှ ကိုယ်တိုင်ချက်ပြုတ် လောင်းလှူခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း (ပြန်/ ဆက်)