ကွမ်းလုံမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကွမ်းလုံ         ဇွန်     ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ် များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီး ဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းနိုင်လင်းက မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ၊ မူးယစ် ဆေးဝါးနှင့် ပတ်သက်၍ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များကို လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူးဦးရာဇာသန်းဝင်းက မူးယစ်ဆေး ဝါးပပျောက်ရေး အားကစားနှင့် ကုစားပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းနွယ် က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်း အကြောင်း အရာများကိုလည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။ ထို့နောက် နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်း အုပ်ဆရာကြီး ဦးအိုက်သဲဦးက လူငယ်ရေးရာ အသိပညာ ပေးဟောပြောပွဲ လာရောက်ပြုလုပ်ပေး ခြင်းအတွက် ကျောင်းသား/ ကျောင်းသူ များကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား ကျောင်းစာ အပြင် ဗဟုသုတတိုးပွားဖို့ရန်အတွက် ပြင်ပစာအုပ် စာပေများလည်းဖတ်ရှုဖို့ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးရာဇာသန်းဝင်းက ကျောင်းသား/ ကျောင်းသူများကို အားကစားပစ္စည်းများအား လက်ဆောင်ပေးအပ်ခဲ့သည်။ ယင်းနောက် ကျောင်းသား/ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးနံရံကပ်ဓာတ်ပုံများကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြ ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)