ညောင်ဦး ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု ကန်နီကြီးတဲတိုက်သို့ ဝေမျှခြင်း ပရဟိတမိသားစုက ဇွန် ၁၈ ရက်၊ နံနက် ၇ နာရီခွဲ အချိန်က သောက်သုံးရေ ၁၆၀၀ ဂါလံ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် အေးမေတ္တာရေ အလှူတော်တာဝန်ရှိသူ ဦးဝင်းမင်းထွန်း ထံကသိရသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ၊ တဲတိုက်၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ သောက်သုံးရေ အလှူခံလာပါက ဝေမျှခြင်း ပရဟိတအသင်းက သွားရောက်လှူဒါန်းလျှက်ရှိရာ ယနေ့တွင်လည်း ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု ကန်နီကြီးတဲတိုက်အတွက် သောက်သုံးရေ ဂါလံ (၁၆၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒီပါလင်း