ဒဂုံမြို့နယ်အတွင်း လမ်းတိုးချဲ့ဆောင်ရွက်​နေမှူအား မြို့​တော်ဝန်လာ​ရောက်ကြည့်ရှု

ဒဂုံ ဇွန် ၁၈

ရန်ကုန်တိုင်း​ဒေသကြီး၊ ​ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အနောက်ရပ်ကွက်၊ အလုံလမ်း (တော်ဝင်လမ်းမှ ပြည်လမ်းထိ)၊ တောင်ဘက်ခြမ်းတွင် လမ်းတိုးချဲ့ခြင်းလုပ်ငန်းများအား ဒဂုံမြို့နယ် စည်ပင်သာယာ​ရေးအဖွဲ့များမှ ဆောင်ရွက်လျက်ရှိကြသည်။

အဆိုပါလမ်းသည် (အရှည်-၇၀၀'၊ ယာဉ်သွားလမ်း-၈'၊ လူသွားစင်္ကြံ-၆')ဖြစ်ပြီး အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ လူ၊ စက်ယန္တရားများအသုံးပြု၍ ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။ ထိုသို့​လမ်းတိုးချဲ့ခြင်း ဆောင်ရွက်​လျက်ရှိသည့်နေရာသို့ ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်​ဌေး၊ အတွင်းရေးမှူး၊ ကော်မတီဝင်(၆)နှင့် ဌာနမှူးများ ယမန်နေ့နံနက် (၇း၃၀) နာရီခန့်က ရောက်ရှိလာကြပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များလမ်းညွှန်မှာကြားကာ (၀၈း၀၀) နာရီခန့်က ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိပါသည်။

ကြည်​ဇေ​သော်