ကျောက်ဆည်မြို့နယ် တောင်ပလူကျေးရွာတွင် နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် စိုက်ပျိုးထားသော ရွှေမနော်နွေစပါး (၂)ဧက ရိတ်သိမ်းရာ (၂၄၇)တင်းထွက်ရှိ

ကျောက်ဆည် ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကုလားကျောင်းအုပ်စု၊ တောင်ပလူကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူဦးမျိုးခိုင်၏ ကွင်းအမှတ်(၂၀၉)၊ ဦးပိုင်အမှတ် (၆၀/၁) လယ်မြေ(၂)ဧကတွင် စိုက်ပျိုးထားသော ရွှေမနော်နွေစပါးရိတ်သိမ်းရာ (၂၄၇)တင်း ထွက်ရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရှိရသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးများ စိုက်ပျိုးရာတွင် နိုင်ငံတော်မှ စပါးတစ်ဧကအတွက် ငွေကျပ်(၂)သိန်းနှင့်ညီမျှသော သွင်းအားစုများ ပံ့ပိုးကူညီမှုဖြင့် စိုက်ပျိုးကြောင်း စီမံကိန်းစပါးခင်းများကို ကုလကျောင်းကျေးရွာအုပ်စုမှ တောင်သူ(၇၉)ဦး၏ လယ်မြေ(၂၇၆)ဧကတွင် GW-11 စပါးမျိုးများနှင့် တောင်သူ(၅၀)ဦး၏ လယ်မြေ(၅၀)ဧကတွင် ရွှေမနော်စပါးမျိုး စုစုပေါင်း(၃၂၆)ဧက စိုက်ပျိုးထားကြောင်း သိရှိရသည်။

နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် နွေစပါးများစိုက်ပျိုးခြင်းဖြင့် တောင်သူများအနေဖြင့် စပါးခင်းများအတွက် သွင်းအားစုများပြည့်ဝစွာ အသုံးပြုနိုင်သဖြင့် စပါးအထွက်နှုန်း ပိုမိုတိုးတက်လာစေခြင်း၊ ထွက်ရှိလာသော စပါးများရောင်းချရာတွင် ဈေးနှုန်းနှင့်ဈေးကွက်သေချာသည့်အတွက် တောင်သူများဝင်ငွေ ပိုမိုရရှိစေခြင်းကြောင့် နိုင်ငံ့စီးပွား ပိုမိုတိုးတက်မြင့်မားလာခြင်း၊ အစုအဖွဲ့ဖြင့်ဆောင်ရွက်သည့် စီမံကန်းဖြစ်သောကြောင့် စီမံကိန်းတွင်ပါဝင်သော တောင်သူများအားလုံး အကျိုးအမြတ်ကိုယ်စီရရှိခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာစေခြင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ပြည်ပဈေးကွက်များနှင့် ပိုမိုချိတ်ဆက်မှုရရှိစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)