လှည်းကူး ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသော လူနေအိမ်(၁၇)လုံးအတွက် ထောက်ပံ့ငွေကျပ်(၇၄၀၀၀၀)ကို မေလ(၁၅)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် မေလ(၁၄)ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုခါမုန်တိုင်းကြောင့် လူနေအိမ်(၁၆)လုံး အမိုးလန်ခြင်းနှင့်အဆောက်အဦးတစ်လုံးပြိုကျပျက်စီးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့သော အမိုးလန်ပျက်စီးသည့် လူနေအိမ်တစ်လုံးလျှင် ထောက်ပံ့ငွေကျပ်(၄၀၀၀၀)နှင့်ဆန်တစ်အိတ် စုစုပေါင်းလူနေအိမ်(၁၆)လုံးအတွက် ထောက်ပံ့ငွေကျပ်(၆၄၀၀၀၀)ကိုလည်းကောင်း၊ ပြိုကျပျက်စီးသွားသောအဆောက်အဦးအတွက် ထောက်ပံ့ငွေကျပ်(၁၀၀၀၀၀)နှင့် သဘာဝဘေးအန္တရာယ်ထောက်ပံ့ပစ္စည်းတစ်လုံးကို မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီဉက္ကဋ္ဌ ဦးရဲထွန်းနောင်က လူနေအိမ်ပျက်စီးသွားသော မိသားစုဝင်များအား ထောက်ပံ့ပေးအပ်ခဲ့ပြီး အဆိုပါပျက်စီးသွားသော လူနေအိမ်များကို ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)