ပန်ဆိုင်း ဇွန် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို လူစည်ကားသောနေရာများနှင့် အခြေခံပညာကျောင်းများတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး( ၁/၂၀၂၁)၌ ပြောကြားသည့် အမှာစကားများ၊ ကျောင်းသားနှင့် လူငယ်သိရှိလိုက်နာသင့်သည့် အချက်များ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းရင်းများ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒများ၊ ကဗျာ/ကာတွန်းများ၊ အမျိုးသားမူးယစ်ဆေးထိန်းချုပ်ရေးမူဝါဒများ၊ မူးယစ်ဆေးဝါးများကို ရောင်းဝယ်ဖြန့်ဖြူးနေသူများအား ရှာဖွေဖော်ထုတ်ပြီး ထိထိရောက်ရောက် ဖမ်းဆီးကြရန် လိုအပ်ကြောင်း ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းလက်တွဲ၍ အမြစ်ဖြတ်တိုက်ဖျက်ကြရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
ထိုသို့ သတင်းစကားလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ရာ ကျောင်းသား/ ကျောင်းသူများနှင့် ပြည်သူများမှာ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ပန်ဆိုင်း(ပြန်/ဆက် )