နမ့်ဆန် အောက်တိုဘာ ၉
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံးတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)လားရှိုးက နမ့်ဆန်မြို့နယ်ရှိ ဂရုဏာရှင်လူမှုကူညီရေးအသင်းနှင့် သံသရာခရီးသည်လူမှုကူညီရေးအသင်းတို့အတွက် ပေးပို့လာသည့် ထောက်ပံ့ပစ္စည်းများကို ယနေ့နံနက်(၉)နာရီက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးရာတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)လားရှိုးက ဂရုဏာရှင် လူမှုကူညီရေးအသင်းနှင့် သံသရာခရီးသည်လူမှုကူညီရေးအသင်း ပိုင်ဆိုင်သော မော်တော်ယာဉ်အတွက် အသင်းတစ်သင်းကို ပစ္စည်း(၄)မျိုးပါ တစ်စုံစီ ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကျားတီ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့် နှင့်အဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များတို့က အသင်းသားများတို့က သက်ဆိုင်ရာ လူမှုကူညီရေးအသင်းတာဝန်ခံများထံ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကိုအောင်မိုး(ရွှေဖီမြေ)