အမှတ် ၆ အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး နွေးဆွေးပွဲကျင်းပ

မော်လမြိုင်   ဇွန်  ၁၆

မော်လမြိုင်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း (ရတနာမွန်ခန်းမ)၌ ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မူးယစ်ဆန့်ကျင်ရေးအသင်း အလုပ်အမှုဆောင် ဦးသန်း၀င်းက မူးယစ်ဆေးဝါး နှင့်လူငယ်ဘ၀ အကြောင်းအရာများအားလည်ကောင်း၊‌ မော်လမြိုင်မြို့နယ် ဒု-မြို့နယ် ဥပဒေအရာရှိ ဦးမင်းထိုက်က မူးယစ်ဆေးဝါး သုံးစွဲခြင်းနှင့် ရောင်းဝယ်ခြင်းပြုလုပ်ပါက အရေးယူခံရမည့် ဥပဒေပြစ်မှု/ ပြစ်ဒဏ်အကြောင်းအရာများအားလည်းကောင်း ဆွေးနွေး ခဲ့သည်။

ထိုနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က  ကျောင်းသား/ သူများအား မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲမှုကို ရှောင်ရှားရန်ကြရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းအရာ များအားလည်ကောင်း၊ အမှတ် ၃၈ မူးယစ်တပ်ဖွဲ့စု (မော်လမြိုင်) ဒုတိယတပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ဆန်း၀င်းက ကျောင်းသား/ သူများအား မူးယစ်ဆေးဝါးအန္တရာယ်က တိုင်းပြည်၏အနာဂတ်ကို ကြီးမားတဲ့ခြိမ်းခြောက်မှု အန္တရာယ်တစ်ခုဖြစ်တာကြောင့် ကျောင်းသား/ သူများအနေဖြင့် မူးယစ်ဆေးဝါးရဲ့ အန္တရာယ်ကို သိရှိနားလည် ရှောင်ရှားတတ်ရန်၊ မူးယစ်ဆေးသုံးရခြင်းအဓိက အကြောင်းအရင်းများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပွားတတ်သော ရုပ်ပိုင်း/ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ အကြောင်းရှင်းလင်းဆွေးနွေးပြီး  ကျောင်းသား/ သူများအား Video  Click ပြသခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကျောင်းသူ၊ ကျောင်းသားများအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ ခင်းကျင်းပြသပေးခြင်း၊ အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ ဆက်)