ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လှည့်လည်စစ်ဆေး

ဖယ်ခုံ  အောက်တိုဘာ  ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mobile လှည့်လည်လှုပ်ရှား စစ်ဆေးရေးအဖွဲ့များမှ နေ့စဉ်ကွင်းဆင်း စစ်ဆေးလျက်ရှိရာ ယမန်နေ့က စစ်ဆေးရေးအဖွဲ့အမှတ် (၁)မှ မြို့နယ်အတွင်း၀င်ထွက်နိုင်သောလမ်းများတွင် နံနက် ၈ နာရီမှ စတင်၍ ညနေ ၄ နာရီထိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ Mobile လှည့်လည်လှုပ်ရှား စစ်ဆေးရေးအဖွဲ့ အမှတ်(၁)ကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟနေသွေး ဦးဆောင်၍ ဖယ်ခုံမြို့နယ်အတွင်း ၀င်ထွက်သွားလာနိုင်သော လမ်းများတွင် ရှောင်တခင်စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး ဆောင်ရွက်လျက်ရှိသော ဖယ်ခုံမြို့၀င်ဂိတ်၊ မိုးဗြဲဂိတ်၊ ပီကင်းဂိတ်၊ လအိဂိတ်တို့တွင် ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်လျက်ရှိသော ပီကင်း ကျန်းမာရေး စစ်ဆေးရေးဂိတ်၊ လအိကျန်းမာရေး စစ်ဆေးရေးဂိတ်တို့တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟနေသွေး ဦးဆောင်သော Mobile လှည့်လည်လှုပ်ရှား စစ်ဆေးရေးအဖွဲ့မှ ကိုယ်အပူချိန် တိုင်း thermometer ၊ Hand gel (လက်သန့်ဆေးရည်)၊ Mask စသည်တို့ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဖယ်ခုံမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ Mobile လှည့်လည်လှုပ်ရှား စစ်ဆေးရေးအဖွဲ့ ၆ ဖွဲ့ရှိပြီး တာ၀န်ကျ နေ့ရက်အလိုက် မိုးဗြဲမှတစ်ဆင့် မိုးဗြဲဆည်ကန်ဘောင်လမ်း - နောင်လိုင် - ကုရင် - လွယ်ပေါ-ပင်လောင်းမြို့နယ် စံကားကျေးရွာအစပ် နယ်နိမိတ် အထိ လမ်းကြောင်း တစ်လျှောက် Mobile လှည့်လည်စစ်ဆေးခြင်း၊ တရားမ၀င် နယ်မြေကျော်ဖြတ်သန်းသွားလာမှုများ မရှိစေရေး စစ်ဆေးခြင်း စသည့်လုပ်ငန်းတာ၀န်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုထွေး(ဖယ်ခုံ)