ကျောက်တလုံးကြီးမြို့အတွင်း အသက် ၈၀ နှစ်မှ ၈၅ နှစ် အကြား သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်

ကျောက်တလုံးကြီး   အောက်တိုဘာ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့အတွင်း အသက်၈၀နှစ် မှ ၈၅နှစ်အကြားသက်ကြီး ဘိုးဘွားများအတွက် လူမှုဝန်ထမ်းဦးစီးဌာန၏ ကိုဗစ်-၁၉ ရောဂါစီးပွားရေးကုစားမှုအစီအစဉ်အရ    ယနေ့နံနက် ၁၀ နာရီခန့်က အိမ်တိုင်ရာရောက်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါထောက်ပံ့ငွေများထောက်ပံ့ပေးအပ်ရာတွင်  ကျောက်တလုံကြီးမြို့၊    ကောင်ဝိန်းရပ်ကွက်  အတွင်းရှိ အသက်၈၀နှစ်မှ ၈၅နှစ်ကြား သက်ကြီးဘိုဘွား()ဦးကို လည်းကောင်း၊  ဒုံအုံးရပ်ကွက် အတွင်းရှိ    အသက်(၈၀)နှစ်မှ(၈၅)နှစ်ကြား သက်ကြီးဘိုးဘွား()ဦးကို လည်းကောင်း၊   ထီလုံရပ်ကွက်အတွင်းရှိ အသက် (၈၀)နှစ် မှ(၈၅)နှစ်အကြား သက်ကြီးဘိုးဘွား()ဦးကိုလည်းကောင်း၊  နောင်လုံရပ်ကွက် အတွင်းရှိ  အသက်(၈၀)နှစ်မှ(၈၅)နှစ်ကြား သက်ကြီးဘိုးဘွား()ဦးကိုလည်းကောင်း၊   လင်းနားရပ်ကွက်အတွင်းရှိ  အသက်(၈၀)နှစ်မှ(၈၅)နှစ်ကြား သက်ကြီးဘိုးဘွား()ဦးတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့်   နိုင်ငံတော်မှ သက်ကြီးဘိုးဘွားတစ်ဦးလျှင် ငွေကျပ်သုံးသောင်းအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြဝင်း(ပြန်/ဆက်)