မြင်းခြံ အောက်တိုဘာ ၉
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ သိရှိလိုက်နာရမည့် ထုတ်ပြန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လှည့်လှည် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
မြင်းခြံမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများ တွင် ဆောက်ရွက် လျက်ရှိပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို ပြည်သူများကျယ်ကျယ်ပြန့် ပြန့်သိရှိစေရန် မြို့ပေါ်ရပ်ကွက် လမ်းဆုံများတွင် မီသတ် တပ်ဖွဲ့ဝင်များက အသံချဲ့စက်ဖြင့် စက်တင်ဘာလ ၂၉ ရက်နေ့မှ စတင်၍ ညစဉ် ကြေညာပေးလျက်ရှိသည်။
ထို့အပြင် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့ဝင်မြို့ထွက်ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးရေး အဖွဲ့များနှင့်အတူ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း Quarantine Centre များတွင်လည်း ပူးပေါင်းပါဝင် လုပ်ကိုင်ပေးလျက်ရှိကြောင်း မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့်က ပြောပြ၍ သိရသည်။
ကျော်စွာ(မြင်းခြံ)