ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ခြင်းအကျိုးကျေးဇူး အသိပညာပေး (Talk Show)ကျင်းပ

ဒလ ဇွန် ၁၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ခြင်းအကျိုးကျေးဇူး အသိပညာပေး (Talk Show)ကို ယနေ့ နံနက်(၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ (Talk Show)ကို ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးမြမိုးက (TalkShow) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ရုံးအကူဦးမြင့်ဇော်က စာပေများကို စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာသင့်ကြောင်း၊ စာပေဖတ်ရှုခြင်းကြောင့်ရရှိနိုင်သော အကျိုးကျေးဇူးများ၊ စာဖတ်ရှိန်မြှင့်မားလာစေရန် သုတ၊ ရသစာအုပ်နှစ်မျိုးလုံးကို ဖတ်ရှုသင့်ကြောင်းနှင့် နေ့စဥ်ထုတ်သတင်းစာများ၊ ဂျာနယ်များကိုဖတ်ရှုခြင်းဖြင့် ယနေ့ကမ္ဘာတွင် ဖြစ်ပေါ်နေသောအကြောင်းအရာ များကိုသိရှိနိုင်ကြောင်း စသည့်တို့ကို အကျယ်တဝင့်  ဆွေးနွေးပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒလမြို့နယ်ရုံးအနေဖြင့် အသိပညာပေး (Talk Show) များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်ပုံပြင်၊ ကဗျာရွတ် အရုပ်ခေါက်ခြင်း အားကစားလှုပ်ရှားမှုများ စသည့်အကြောင်းအရာများကို ပြည်သူများ အသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် စဥ်ဆက်မပြတ်တင်ဆက်ပေးလျက်ရှိရာ ယခု (Talk Show) အပြည့်အစုံကိုလည်း We Love Dalla Facebook Page တွင်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်ဇော်(ပြန်/ ဆက်)