မိုးနဲမြို့နယ်၌ ဌာနဆိုင်ရာများပါဝင်သော စစ်‌ကြောင်းကြီး ငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်

မိုးနဲ ဇွန် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အုပ်ချုပ်ရေးမှူးဦးဆောင်မှုဖြင့် ပြည်သူများ လက်ရှိဖြစ်‌ပေါ်နေသော အခြေအနေအမှန်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ပြည်သူများ သိရှိစေရန်အတွက် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို လွိုင်မြေရပ်ကွက်ရှိ ဦးရွှေအောင်ဓမ္မာရုံ၌ ယမန်နေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္က၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က မိမိတို့ရပ်ရွာဒေသ၊ နယ်မြေဒေသလုံခြုံရေး၊ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအောင်က လုံခြုံရေး၊ မူးယစ်ဆေးဝါးကင်းစင်ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်း‌ရေး၊ မှုခင်းကျဆင်းရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန စသည့်ဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဌာနအလိုက် ဆောင်ရွက်‌ပေးလျက်ရှိသော လုပ်ငန်းစဥ်များနှင့်စပ်လျဉ်း၍ အသီးသီးချပြ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)