ကာလိ ဇွန် ၁၆
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကာလိမြို့၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊ ဒေသအတွင်း အပူချိန်လျော့ကျစေရန်နှင့် ဒေသခံပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကို သိရှိလိုက်နာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်း (၀ဝး၈၀)နာရီအချိန်က လွိုင်မွန်းတောင်ခြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကွန်ဟိန်းမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်၊ အတွင်းရေးမှူး ရဲမှူးကြီး သိန်းဇော်နှင့် အဖွဲ့ဝင် ဗိုလ်မှူး ဝင်းမင်းသန့်က ပျိုးပင်များကို ပေးအပ်ရာ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများက လက်ခံရယူခဲ့ကြသည်။
မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း (၁၅၀)ပင်၊ မယ်ဇလီ (၁၅၀)ပင်၊ စိန်ပန်းပြာပင် (၁၅၀)ပင်နှင့် မန်ဂျန်ရှား(၁၅၀)ပင် စုစုပေါင်း သစ်ပင် (၆၀၀)ပင်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၃၀)ကျော်တို့မှ ပျော်ရွှင်စွာ စုပေါင်း စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
ထင်ထင်(ကာလိပြန်/ဆက်)