မိုင်းယန်း ဇွန် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဒေသခံပြည်သူများ သတိပြုကြိုတင်ကာကွယ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး (Mask Campaign) အသိပညာပေးခြင်း အခမဲ့ဖြန့်ဝေပေးခြင်းကို ကျန်းမာရေးဌာနနှင့် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ယနေ့နံနက် ၇ နာရီက မြို့မစျေးအတွင်း ဈေးရောင်းဈေးဝယ် ပြည်သူများအား (Mask)များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိုင်းယန်းခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဌာန ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ အသင်းအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောင့်ရေးအဖွဲ့ဝင်များတို့က ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာပါက (Mask)ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်သွားလာကြရန် စသည့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့မဈေးအတွင်းရှိ ဈေးရောင်းဈေးဝယ်ပြည်သူများအား (Mask)များ အခမဲ့ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး