သံဖြူဇရပ် ဇွန် ၁၆
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို)အသိပညာပေးဟောပြောပွဲ/ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ က အ.လ.က (ခွဲ)အောင် ဇေယျကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးမော်က အဖွင့်အမှာစကားပြောကြားပြီး၊ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးအေး သီက မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းရင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ယနေ့လူငယ်များ လမ်းမှားရောက်ရှိနေကြခြင်း၊ စသည့်မူးယစ်ဆေးဝါးအန္တရာယ်အ ကြောင်းအရာများကို အသိပညာပေးဟောပြောသည်။
ဆက်လက်၍ ဟောပြောပွဲသို့တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများနှင့် ဟောပြောသည့်အကြောင်းအရာများကို အပြန်အလှန်မေးမြန်းဆွေးနွေးရာ ကျောင်းသား ကျောင်းသူများမှလည်း ပြန်လည်ဖြေကြားသည်။
ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအကြောင်းအရာများ၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အကြောင်းအရာပါ ဗီနိုင်းပိုစတာများကို ပြသထားရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြကြောင်းနှင့် ဦးစီးဌာနရုံး ချုပ်မှထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)